2018-05-09

Flowers in my yards

Write Myanmar3 Here

ညစာ။      စက်တင်ဘာ ရက်။


heart shape ဖရဲသီးလေးတွေ ခွဲစားလို့အပြီးမှာ အခွံတွေကို ပစ်ဖို့ခြံထဲကိုအသွား စည်းရိုးဖက် အမှောင်မှာ လရောင်အလင်းကို ခံစားမိလို့ ကောင်းကင်ကိုမော့ကြည့် လမင်းတစ်ပိုင်းကို ပြုံးပြမိတယ်လေ၊ ကိုယ်ရေးတဲ့ ရသစာလေးကို ဖတ်မိသူများအတွက် နေမကောင်းနေသူများ ခွန်အားနည်းနေသူများ နှလုံးသား အဟာရများ ပြည့်ပါစေသားလေ၊
လမင်းနဲ့ သူ့ရဲ့အရောင်ဟာ လူအတော်များများကို နွေးထွေးစေပါလားလို့ တွေးမိခိုက် ဇာတ်အိမ်သိတ်မကြီးတဲ့ Queen ဆိုတဲ့ အိန္ဒိယရုပ်ရှင်ဇာတ်ကားလေးမှာ တို့အတွက် အလင်းရောင်တချို့ကိုတွေ့ရပါတယ်၊ ပြင်သစ် အက်စတာဒန်ရဲ့ လူနေမူတချို့ကို ပြချင်ပြီး လူတယောက်ဟာ သူ့ဘဝအတွက် သူ့မှာရှိပြီးသားကျွမ်းကျင်မူ တခုခုနဲ့ သူပျော်ရွှင်နိုင်မယ့်ဘဝမှာ ရှင်သန်နေထိုင်သွားကြဖို့ကို လင်းပြပေးတဲ့ ရုပ်ရှင်ကားပါပဲ၊
အိမ်ထဲမှာ မနက်ခင်းက ခူးထားတဲ့ စကားဝါပန်းပွင့်ရဲ့ ရနံ့မွှေးခိုက် မနက်ခင်းမှာသောက်ဖို့ နနွင်းဂျင်းပျားရည်ဖျော်ထားရအုံးမှာပဲလို့တွေးရင်း လရောင်ကိုပြုံးပြမိတဲ့အကြောင်း စာလေးရေးချင်သေးလို့ပါ၊ 
OSHO ရဲ့ စာတွေဟာ သူ့ကို တမျိုးဖြစ်နေစေတယ်လို့ သူငယ်ချင်းတယောက်က ပြောပေမယ့် ကိုယ်ကတော့ အရင်ကသိမှတ်ဖူးတာတွေ၊ သင်ကြားခံရဖူးတာတွေနဲ့ အခုလက်ရှိ အတွေးထဲမှာ လက်ခံနေမိတာတွေအတွက် ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်မိပါတယ်၊ 

ဒါကြောင့်လည်း စာတွေ ဖတ်နေရခြင်းကို နှစ်သက်စွဲလန်းနေမိတာပေါ့၊ 

No comments:

Flowers in my yards

Write Myanmar3 Here ညစာ။       ။ စက်တင်ဘာ ၃ ရက်။ heart shape ဖရဲသီးလေးတွေ ခွဲစားလို့အပြီးမှာ အခွံတွေကို ပစ်ဖို့ခြံထဲကို...