2012-03-20

If more than he needs

လိုအပ်သော မြေသြဇာ

ဇန်မာစတာတဉီးဟာ စပါးခင်းတခင်းကို ကြည့်ရူ့ပျိုးထောင်ဖို့ သူ့ရဲ့ တပည့်သားတဉီးကို ယုံကြည်စွာ အပ်နှံထားလိုက်ပါတယ်၊

ပထမနှစ်မှာ တပည့်သားဟာ လိုအပ်တဲ့ရေကို မပျက်စေရပဲ ပျိုးခဲ့တယ်၊ စပါးဟာ ရင့်မှည့်ပြီး ရိတ်သိမ်းနူန်း ကောင်းခဲ့တယ်၊

ဒုတိယနှစ်မှာ သူဟာ အကြံရသွားပြီး မြေသြဇာအနည်းငယ်ကို ထည့်ပြီး စိုက်ပျိုးခဲ့တယ်၊ စပါးတွေဟာ မြန်မြန်ဆန်ဆန် ကြီးရင့်လာခဲ့ပြီး အထွက်နူန်းလည်း ပိုပြီးကောင်းလာတယ်၊

တတိယနှစ်မှာ သူဟာ မြေသြဇာကို ပိုတိုးပြီးထည့်ခဲ့တယ်၊ ရိတ်သိမ်းနူန်းကောင်းပေမယ့် စပါးတွေဟာ ကြုံလှီပြီး အရည်အချင်း မပြည့်မီတော့ဘူး၊

ဇန်မာစတာက တပည့်သားကို ဆုံးမပါတယ်

'မြေသြဇာကို ထပ်တိုးပြီး အသင် ထည့်မယ်ဆိုရင် နောင်နှစ်ခါမှာ တန်ဖိုးရှိရှိ ဘာမှ ရတော့မှာ မဟုတ်ဘူး၊ အကူအညီအနည်းငယ်ပေးရုံမျှနဲ့ တစုံတယောက်ကို သင်ဟာ အားရှိစေတတ်ပေမယ့် လိုတာထက်ပိုပြီး အကူအညီပေးခဲ့မယ်ဆိုရင် သူ့ကို အသင် အားပျော့သွားစေတတ်ပါတယ်'


****************************









1 comment:

Anonymous said...

hote tal, Ma Ma.