Sunday, January 29, 2012

သူ၊ ပန္းမ်ားႏွင့္ ကၽြန္မ (ေျခာက္)

ရုံးပိတ်တဲ့ ရက်တွေ ဖြစ်တဲ့ စနေ၊ တနဂ်နွေနေ့တွေမျိုးမှာ ကျွန်မတို့ဟာ မိတ်ဆွေများ၊ ခင်ရာမင်ရာများက ပြုလုပ်ကျင်းပတဲ့ အိမ်အသစ်တက်ပွဲ၊ မဂ်လာပွဲများနဲ့ အချိန်တွေ ပြည့်နှက်နေတတ်နော်၊




ဘ၀ကိုယ်စီ အတွေးကိုယ်စီနဲ့ ဘ၀တည်ဆောက်ကြသူများကို ကျွန်မတို့ ဂုဏ်ပြုရမှာပဲပေါ့၊
ဒီလိုပဲ လျှောက်သွားနေရင်း၊ အိမ်အလုပ်တွေကို မဖြစ်မနေ ထမ်းရွက်နေရင်းနဲ့ ကြားချိန်လေးတွေမှာ တိုက်ဆိုင်မူရှိတိုင်း ဖတ်ခွင့်ကြုံလာတဲ့ စာအုပ်၊ ကြည့်ခွင့် ကြုံလာတတ်တဲ့ ရုပ်ရှင်များကို ကျွန်မတို့ ဖတ်ဖြစ် ကြည့်ဖြစ်ကြတယ်၊

အခုဒီလိုရေးသားဟန်လေးဟာ အိမ်တအိမ်ကို ရောက်တိုင်း ကျွန်မဖတ်နေကျ စာအုပ်ဖြစ်တဲ့ 'နေရူးရဲ့ သမီးထံပေးစာများ' ထဲက ဆရာ မြသန်းတင့်ရဲ့ ဘာသာပြန်ထားတဲ့ဟန် လွှမ်းမှိုးနေလိမ့်မယ်လို့ ကျွန်မ ထင်နေမိပါတယ်၊

သွားရင်းလာရင်းနဲ့လည်း ပန်းတွေကို ကြည့်ဖို့ ကျွန်မ မမေ့ခဲ့ဘူးလေ၊ ထူးထူးခြားခြားပဲ မနေ့က ပန်းတစ်ပွင့်ကို ကျွန်မ မှတ်တမ်းတင်ဖြစ်တယ်၊ မြက်ခင်းပြင်ကြီးတခုကို ဖြတ်လျှောက်ရင်းနဲ့ မြက်ခင်းတွေကြားမှာ ဗေဒါရောင်အပွင့်သေးသေးလေးကို ကျွန်မ တွေ့လိုက်မိတယ်၊ လူတွေလည်း ရှင်းနေလို့ မြေမှာကပ်ပေါက်ပြီး ပွင့်နေတဲ့ အပွင့်လေးတွေကို သူ့အကူအညီနဲ့ ကျွန်မ အသေအချာ ဓါတ်ပုံရိုက်ထားလိုက်ပါတယ်၊

အဲဒီပန်းက လူအများစု သိတဲ့ပန်းဖြစ်လိမ့်မယ်၊ သူ့အပွင့်ကို မဟုတ်တောင် သူ့ရဲ့ သစ်ရွက်အခက်အလေးကို တို့မိထိမိ ကြဖူးလိမ့်မယ်လို့ ကျွန်မ ယူဆမိပါတယ်၊ 'ထိကရုန်းလေးရယ် အိပ်အိပ်' လို့ ရေရွတ်ရင်း သူ့သစ်ရွက်ကို တို့လိုက်တော့ သစ်ရွက်တောင် ခေါက်သိမ်းသွားတာကို ကြည့်ရင်း ကျွန်မတို့ ပျော်ရွှင်ခဲ့ဖူးကြတယ်၊

ထိကရုန်းပန်းလို့ ကျွန်မတို့ သိကြတဲ့ ပန်းပွင့်ကလေးရဲ့ မျိုးနွယ်အမည်ကို 'စင်ကာပူနိုင်ငံမှာ ရှိတဲ့ ၁၀၀၁ မျိုးသော ဉယျဉ်ပန်းများ' ဆိုတဲ့ စာအုပ်ထဲမှာ တွေ့လိုက်မိတော့ ကျွန်မ သဘောကျ ပြုံးမိခဲ့သေးတယ်၊






'Touch-me-not' တဲ့၊ ချစ်စနိုးခေါ်ကြတဲ့ အမည်တဲ့လေ၊
'Mimosa pudica' လို့ အမည်ရှိတာ လက်တင်ဘာသာအရ 'ရှက်တတ်တဲ့ပန်း' လို့ ဘာသာပြန်လို့ရတယ်တဲ့၊ ဒါမှမဟုတ် 'အထိမခံပန်း' လို့လည်း သိကြတယ်၊
ပွင့်ဖတ်တွေ ဖွာဆံထွက်နေတဲ့ ဗေဒါရောင် ထိကရုန်းပန်းလေးတွေတွေ့တိုင်းပဲ 'Touch-me-not' လို့ ကျွန်မ စိတ်ထဲက ရေရွတ်နေမိတတ်ပြီလေ။



*************************************************


႐ုံးပိတ္တဲ့ ရက္ေတြ ျဖစ္တဲ့ စေန၊ တနဂ္ေႏြေန႔ေတြမ်ိဳးမွာ ကၽြန္မတို႔ဟာ မိတ္ေဆြမ်ား၊ ခင္ရာမင္ရာမ်ားက ျပဳလုပ္က်င္းပတဲ့ အိမ္အသစ္တက္ပြဲ၊ မဂ္လာပြဲမ်ားနဲ႔ အခ်ိန္ေတြ ျပည့္ႏွက္ေနတတ္ေနာ္၊


ဘ၀ကိုယ္စီ အေတြးကိုယ္စီနဲ႔ ဘ၀တည္ေဆာက္ၾကသူမ်ားကို ကၽြန္မတို႔ ဂုဏ္ျပဳရမွာပဲေပါ့၊
ဒီလိုပဲ ေလၽွာက္သြားေနရင္း၊ အိမ္အလုပ္ေတြကို မျဖစ္မေန ထမ္းရြက္ေနရင္းနဲ႔ ၾကားခ်ိန္ေလးေတြမွာ တိုက္ဆိုင္မူရွိတိုင္း ဖတ္ခြင့္ၾကဳံလာတဲ့ စာအုပ္၊ ၾကည့္ခြင့္ ၾကဳံလာတတ္တဲ့ ႐ုပ္ရွင္မ်ားကို ကၽြန္မတို႔ ဖတ္ျဖစ္ ၾကည့္ျဖစ္ၾကတယ္၊

အခုဒီလိုေရးသားဟန္ေလးဟာ အိမ္တအိမ္ကို ေရာက္တိုင္း ကၽြန္မဖတ္ေနက် စာအုပ္ျဖစ္တဲ့ 'ေန႐ူးရဲ့ သမီးထံေပးစာမ်ား' ထဲက ဆရာ ျမသန္းတင့္ရဲ့ ဘာသာျပန္ထားတဲ့ဟန္ လႊမ္းမွိုးေနလိမ့္မယ္လို႔ ကၽြန္မ ထင္ေနမိပါတယ္၊

သြားရင္းလာရင္းနဲ႔လည္း ပန္းေတြကို ၾကည့္ဖို႔ ကၽြန္မ မေမ့ခဲ့ဘူးေလ၊ ထူးထူးျခားျခားပဲ မေန႔က ပန္းတစ္ပြင့္ကို ကၽြန္မ မွတ္တမ္းတင္ျဖစ္တယ္၊ ျမက္ခင္းျပင္ႀကီးတခုကို ျဖတ္ေလၽွာက္ရင္းနဲ႔ ျမက္ခင္းေတြၾကားမွာ ေဗဒါေရာင္အပြင့္ေသးေသးေလးကို ကၽြန္မ ေတြ႕လိုက္မိတယ္၊ လူေတြလည္း ရွင္းေနလို႔ ေျမမွာကပ္ေပါက္ၿပီး ပြင့္ေနတဲ့ အပြင့္ေလးေတြကို သူ႔အကူအညီနဲ႔ ကၽြန္မ အေသအခ်ာ ဓါတ္ပုံရိုက္ထားလိုက္ပါတယ္၊

အဲဒီပန္းက လူအမ်ားစု သိတဲ့ပန္းျဖစ္လိမ့္မယ္၊ သူ႔အပြင့္ကို မဟုတ္ေတာင္ သူ႔ရဲ့ သစ္ရြက္အခက္အေလးကို တို႔မိထိမိ ၾကဖူးလိမ့္မယ္လို႔ ကၽြန္မ ယူဆမိပါတယ္၊ 'ထိက႐ုန္းေလးရယ္ အိပ္အိပ္' လို႔ ေရရြတ္ရင္း သူ႔သစ္ရြက္ကို တို႔လိုက္ေတာ့ သစ္ရြက္ေတာင္ ေခါက္သိမ္းသြားတာကို ၾကည့္ရင္း ကၽြန္မတို႔ ေပ်ာ္ရႊင္ခဲ့ဖူးၾကတယ္၊

ထိက႐ုန္းပန္းလို႔ ကၽြန္မတို႔ သိၾကတဲ့ ပန္းပြင့္ကေလးရဲ့ မ်ိဳးႏြယ္အမည္ကို 'စင္ကာပူနိုင္ငံမွာ ရွိတဲ့ ၁၀၀၁ မ်ိဳးေသာ ဉယ်ဥ္ပန္းမ်ား' ဆိုတဲ့ စာအုပ္ထဲမွာ ေတြ႕လိုက္မိေတာ့ ကၽြန္မ သေဘာက် ျပဳံးမိခဲ့ေသးတယ္၊
'Touch-me-not' တဲ့၊ ခ်စ္စနိုးေခၚၾကတဲ့ အမည္တဲ့ေလ၊
'Mimosa pudica' လို႔ အမည္ရွိတာ လက္တင္ဘာသာအရ 'ရွက္တတ္တဲ့ပန္းအပင္' လို႔ ဘာသာျပန္လို႔ရတယ္တဲ့၊ ဒါမွမဟုတ္ 'အထိမခံပန္းပင္' လို႔လည္း သိၾကတယ္၊

ပြင့္ဖတ္ေတြ ဖြာဆံထြက္ေနတဲ့ ေဗဒါေရာင္ ထိက႐ုန္းပန္းေလးေတြေတြ႕တိုင္းပဲ 'Touch-me-not' လို႔ ကၽြန္မ စိတ္ထဲက ေရရြတ္ေနမိတတ္ၿပီေလ။


1 comments:

Mon Petit Avatar said...

Thank you so much for the pic, I have to admit, I have touched the plant from time to time, but never attempt to look at the flower,thx again.