Saturday, January 28, 2012

သူ၊ ပန္းမ်ားႏွင့္ ကၽြန္မ (ငါး)

ပန်းစကားဖြူ
လက်ရာလှပ
ချစ်ချစ်စရာကွယ်
ယှက်ယှက်သွယ်၍
တနွယ်တပွင့်
ငုံအာဆင့်လို့
ရင်ဆို့တလီ ပြုံးရယ်တခါ
မောင့်ကဗျာတွေကို
မေ့မှာ ဖတ်တိုင်း
ကြည်နူးရပါတယ်၊

'ဒီညကဗျာရေးပါဉီး' တဲ့ မာမာအေးရဲ့ သီချင်းကို နားထောင်ဖြစ်နေတဲ့ အချိန်မှာ ဒီစာကို ရေးပါတယ်၊



မနက်ခင်းစောစောမှာ ပန်းခြံကနေပြန်လာခဲ့ပါပြီ၊ 'စကား၀ါပန်းလား" ဒီနေ့ နှစ်ပွင့်တောင်ခူးခဲ့ပါတယ်၊ စကား၀ါပန်းပင်အောက်မှာ ပန်းရနံ့တွေ ရူရိူက်ရင်း အကြောဖြေလျှော့ လေ့ကျင့်ခန်းတွေ လုပ်နေကြရင်းနဲ့ 'ဒီအပင်က ကိုယ်တို့အပင်ပေါ့နော်' တဲ့ သူက ပြောတယ်၊ တရက်က ပြေးရင်းလွှားရင်းနဲ့ ပန်းကြွေတွေကို သူ ရှောင်ပြီး ပြေးလျှောက်တာကို တွေ့တော့ ကျွန်မသဘောကျမိပါတယ်၊

'ကိုယ်တို့ခြံလေးထဲမှာ စကားပန်းတစ်ပင်လောက် စိုက်မယ်နော်' တဲ့၊ ဒီနေ့မနက်ခင်းမှာ သူ ပြောသေးတယ်၊ ကဗျာတွေမရေးပေမယ့် ကဗျာတွေနဲ့ ပြည့်တဲ့ သူ့စကားလုံးတွေကို ကြားရတော့ ကျွန်မ ကြည်နူးမိပါတယ်၊ ကျွန်မတို့ရဲ့ခြံလေးထဲမှာ စိတ်ကူးနဲ့ စိုက်ထားတဲ့ အပင်တွေ သိပ်များနေပြီနော်၊ သနပ်ခါးပန်းလည်း ပါရမယ်၊ စပယ်ပန်းရော၊ ဇီဇ၀ါရော...စိုက်လို့ ဆန့်သ၍ ကျွန်မတို့ စိုက်မှာပေါ့၊ ကျွန်မတို့ ခြံထဲမှာ နှစ်ဉီးသဘောတူ စိုက်ပျိုးထားတဲ့ ၀ါးရုံပင်လေးတောင် အတော်ကြီးလို့နေပြီတဲ့၊

ကျွန်မ ခူးခဲ့တဲ့ စကားပန်းလေးတွေရဲ့ ရနံ့တသင်းသင်းနဲ့ သီချင်းအေးအေးလေးကို နားထောင်နေရရင်း ကြည်နူးခြင်းစိတ်တွေ တလှိုက်လှိုက်ထနေတဲ့ ဒီမနက်ခင်းမှာတော့ ကျွန်မ စကားပန်းတမျိုးအကြောင်းကို ရေးရပါအုံးမယ်၊


michelia x alba လို့ခေါ်တဲ့ ဒီစကားပန်းမျိုးကို ကျွန်မ ပထမဉီးဆုံးတွေ့တာက တရုတ်ဉယျာဉ် (Chinese Garden) ထဲမှာပါ၊ စကားပန်းပင်တွေ အစီအရီစီတန်းစိုက်ထားတဲ့ အနားမှာ ကျွန်မတို့ ဖြတ်လျှောက်ခဲ့ကြရင်း ပန်းအပွင့်တွေကို အနီးကပ် မြင်လိုက်ရတာပါပဲ၊

ဒီပန်းရနံ့က ​ေ၀းကွာလှသည်အထိ သင်းပျံ့စေတယ်တဲ့၊ အရှေ့တောင်အာရှတခွင်မှာ ကံကောင်းခြင်းနမိတ်ဆောင်တဲ့ ပန်းမျိုးမို့ အစိုက်များတဲ့ပန်းပါ၊ မနက်ခင်းစောစောမှာ ရနံ့တွေ စတင် ထုတ်လွင့်ပြီး ညအချိန်မှာ ပိုပြီး မွှေးပျံ့ပါတယ်၊

******************************************

ပန္းစကားျဖဴ


လက္ရာလွပ
ခ်စ္ခ်စ္စရာကြယ္
ယွက္ယွက္သြယ္၍
တႏြယ္တပြင့္
ငုံအာဆင့္လို႔
ရင္ဆို႔တလီ ျပဳံးရယ္တခါ
ေမာင့္ကဗ်ာေတြကို
ေမ့မွာ ဖတ္တိုင္း
ၾကည္ႏူးရပါတယ္၊

'ဒီညကဗ်ာေရးပါဉီး' တဲ့ မာမာေအးရဲ့ သီခ်င္းကို နားေထာင္ျဖစ္ေနတဲ့ အခ်ိန္မွာ ဒီစာကို ေရးပါတယ္၊
မနက္ခင္းေစာေစာမွာ ပန္းၿခံကေနျပန္လာခဲ့ပါၿပီ၊ 'စကား၀ါပန္းလား" ဒီေန႔ ႏွစ္ပြင့္ေတာင္ခူးခဲ့ပါတယ္၊ စကား၀ါပန္းပင္ေအာက္မွာ ပန္းရနံ့ေတြ ႐ူရိူက္ရင္း အေၾကာေျဖေလၽွာ့ ေလ့က်င့္ခန္းေတြ လုပ္ေနၾကရင္းနဲ႔ 'ဒီအပင္က ကိုယ္တို႔အပင္ေပါ့ေနာ္' တဲ့ သူက ေျပာတယ္၊ တရက္က ေျပးရင္းလႊားရင္းနဲ႔ ပန္းေႂကြေတြကို သူ ေရွာင္ၿပီး ေျပးေလၽွာက္တာကို ေတြ႕ေတာ့ ကၽြန္မသေဘာက်မိပါတယ္၊

'ကိုယ္တို႔ၿခံေလးထဲမွာ စကားပန္းတစ္ပင္ေလာက္ စိုက္မယ္ေနာ္' တဲ့၊ ဒီေန႔မနက္ခင္းမွာ သူ ေျပာေသးတယ္၊ ကဗ်ာေတြမေရးေပမယ့္ ကဗ်ာေတြနဲ႔ ျပည့္တဲ့ သူ႔စကားလုံးေတြကို ၾကားရေတာ့ ကၽြန္မ ၾကည္ႏူးမိပါတယ္၊ ကၽြန္မတို႔ရဲ့ၿခံေလးထဲမွာ စိတ္ကူးနဲ႔ စိုက္ထားတဲ့ အပင္ေတြ သိပ္မ်ားေနၿပီေနာ္၊ သနပ္ခါးပန္းလည္း ပါရမယ္၊ စပယ္ပန္းေရာ၊ ဇီဇ၀ါေရာ...စိုက္လို႔ ဆန္႔သ၍ ကၽြန္မတို႔ စိုက္မွာေပါ့၊ ကၽြန္မတို႔ ၿခံထဲမွာ ႏွစ္ဉီးသေဘာတူ စိုက္ပ်ိဳးထားတဲ့ ၀ါး႐ုံပင္ေလးေတာင္ အေတာ္ႀကီးလို႔ေနၿပီတဲ့၊




ကၽြန္မ ခူးခဲ့တဲ့ စကားပန္းေလးေတြရဲ့ ရနံ့တသင္းသင္းနဲ႔ သီခ်င္းေအးေအးေလးကို နားေထာင္ေနရရင္း ၾကည္ႏူးျခင္းစိတ္ေတြ တလွိုက္လွိုက္ထေနတဲ့ ဒီမနက္ခင္းမွာေတာ့ ကၽြန္မ စကားပန္းတမ်ိဳးအေၾကာင္းကို ေရးရပါအုံးမယ္၊

michelia x alba လို႔ေခၚတဲ့ ဒီစကားပန္းမ်ိဳးကို ကၽြန္မ ပထမဉီးဆုံးေတြ႕တာက တ႐ုတ္ဉယ်ာဥ္ (Chinese Garden) ထဲမွာပါ၊ စကားပန္းပင္ေတြ အစီအရီစီတန္းစိုက္ထားတဲ့ အနားမွာ ကၽြန္မတို႔ ျဖတ္ေလၽွာက္ခဲ့ၾကရင္း ပန္းအပြင့္ေတြကို အနီးကပ္ ျမင္လိုက္ရတာပါပဲ၊

ဒီပန္းရနံ့က ​ေ၀းကြာလွသည္အထိ သင္းပ်ံ႕ေစတယ္တဲ့၊ အေရွ႕ေတာင္အာရွတခြင္မွာ ကံေကာင္းျခင္းနမိတ္ေဆာင္တဲ့ ပန္းမ်ိဳးမို႔ အစိုက္မ်ားတဲ့ပန္းပါ၊ မနက္ခင္းေစာေစာမွာ ရနံ့ေတြ စတင္ ထုတ္လြင့္ၿပီး ညအခ်ိန္မွာ ပိုၿပီး ေမႊးပ်ံ႕ပါတယ္၊


0 comments: