Friday, January 27, 2012

တိုဖူးက်ိဳၿပီးေၾကာ္ျခင္းနွင့္ တညေနခင္း

 

တိုဖူးကို ကိုယ်တိုင်လုပ်ချင်နေတာ ကြာပါပြီ၊
စနေ၊ တနဂ်နွေမှာမှ ရတတ်တဲ့ ရှမ်းတိုဖူးကို ၀ယ်ဖို့ စီးတီးဟောလ် ပင်နီစူလာကို မရောက်တာလည်း ကြာပြီလေ၊
မွှေးပဲမူန့်နဲ့ ကျိုလို့ရတယ်လို့ ဘလော့ဂ်တွေမှာ ဖတ်ဖူးတယ်၊
ကိုယ့်စိတ်ကူးနဲ့ကိုယ်ပဲ၊ ကုလားပဲတောင် ရတဲ့ အနီးအနား အိန္ဒိယဆိုင်မှာ ကုလားပဲအမူန့်ရှိလားလို့မေးတော့ 'လိုချင်တာလား၊ ရှိတယ်" ဆိုပြီး သူ့မျက်မှန်အပေါ်ကနေ ကိုယ့်ကို ကျော်ကြည့်ပြီးမေးတယ်၊
သူယူလာပေးတဲ့ အထုပ်က besan flour တဲ့၊
၀မ်းသာအားရပဲ၊ အိမ်ပြန်ရောက်တော့ ကျိုပါတယ်၊ ပဲမူန့်တစ်ဆ၊ ရေသုံးဆ လို့ မှတ်ထားဖူးတယ်၊
ညက တခေါက်ကျိုတယ်၊ ပဲမူန့်တစ်ဆ ရေသုံးဆထည့်ပြီး မီးပေါ်တင်တယ်၊ ကျိုပါတယ်၊ ဆားထည့်တယ်၊ အတော်မွှေရပါတယ်၊ လက်ပန်းကျလာတာနဲ့ စစ်ကူတောင်းရတယ်၊ ပထမဉီးဆုံးကျိုတာဆိုတော့ ဘယ်အနေမှာ ရမှန်းမသိပဲ ကျက်လောက်ပြီ ထင်ပြီး ပန်းကန်တခုတည်း လောင်းထည့် အအေးခံလိုက်ပါတယ်၊ နည်းနည်း ဖွယ်နေပါတယ်၊ စေးကပ်နေတဲ့ အသွင်မရှိပဲ ဖြစ်နေတာပေါ့၊
မနက်မှာ တိုဖူးကြော် အဖြစ် ကြော်လိုက်ပြီး ထမင်းဆီဆမ်းနဲ့ စားလိုက်တော့လည်း ကောင်းတော့ ကောင်းနေသားပဲ၊
ကျေတော့ မကျေနပ်သေးဘူးပေါ့၊
ဒီနေ့တနေ့လုံး တိုဖူးကို ကောင်းအောင် ကျိုရမယ် ဆိုတဲ့ စိတ်ပဲ ထားတယ်၊
အဲဒါနဲ့ ဒီနေ့ သောကြာနေ့ဆိုပေမယ့် အလုပ်ဆင်းပြီးရင် လျှောက်လည်ဖို့ အစီအစဉ်လည်း မထားတာနဲ့ အိမ်ကိုပဲ အစောကြီးပြန်ခဲ့တယ်၊
သူက နောက်ကျမယ်တဲ့၊
အကြိုက်ပေါ့၊ လုပ်ချင်တာကို စိတ်အေးလက်အေး လုပ်မလို့လေ၊
အိမ်ပြန်လာတဲ့ လမ်းတလျှောက်လုံးလည်း တိုဖူးအကြောင်းတွေပဲ ဖတ်နေတယ်၊ အ၀ါရောင်တိုဖူးလို့ ရိုက်ထည့်တော့မှ လိုချင်တာရတယ်၊ Burmese tofu ဆိုပြီး ၀ီကီမှာ တွေ့တယ်၊ အင်းလေးက တိုဖူးလုပ်ပုံအဆင့်ဆင့်ဆိုပြီး ယူကျုမှာတောင် ရှိပါတယ်၊

အိမ်ရောက်တာနဲ့ ပဲမူန့်ကို ရေသုံးဆထည့်ပြီး မွေနေရင်း တိုဖူးလုပ်နည်း ဘလော့ဂ်တွေ ရှာဖတ်လိုက်သေးတယ်၊
လုပ်ချင်တာ စေးပြီး အရောင်တလက်လက်ထနေတဲ့ တိုဖူးမျိုးလေ၊
ဆနွင်းနဲ့ ဆားပါထည့်ပြီး မွေထားတဲ့ ပဲရည်ကို မီးဖိုပေါ်တင်ပြီး စိတ်အေးလက်အေး ကျိုနေလိုက်တယ်၊ မီးဖိုနံဘေးမှာ ဖုန်းက ချထားရပါတယ်၊ တိုဖူးကျိုနေတုန်း သတင်းစကားများ လာရင် ပြေးကြည့်ဖို့ မလွယ်ဘူးလေ၊
မနေ့က ကျိုတာထက် ဒီနေ့ ပိုကျိုပါတယ်၊ ညာလက်ကနေ ဘယ်လက် ပြီးတော့ ညာလက် တဖြည်းဖြည်းမွေတယ်၊
တဖြည်းဖြည်းနဲ့ ပျစ်လာတဲ့ တိုဖူးကို ကြည့်ပြီး ပျော်သလိုလို ရှိလာတယ်၊ အရသာလည်း ပိုကောင်းသလိုပဲ၊
မွေရင်းမွေရင်းနဲ့ အလွန်ပျစ်သွားပြီး အိုးကပ်တော့မယ့်အချိန်ရောက်တော့ ပန်းကန်ထဲ လောင်းထည့် အအေးခံလိုက်ပါတယ်၊
တိုဖူးဖြစ်အောင်လုပ်တာ အောင်မြင်သွားပါပြီ၊

ညစာအဖြစ် ကောက်ညှင်းပေါင်းနဲ့ တိုဖူးကြော်ပါ၊
ညနေခင်းရိုက်ထားတာမို့ ဓါတ်ပုံ သိပ်မကောင်းဘူး၊
 

*********************************************


တိုဖူးကို ကိုယ္တိုင္လုပ္ခ်င္ေနတာ ၾကာပါၿပီ၊
စေန၊ တနဂ္ေႏြမွာမွ ရတတ္တဲ့ ရွမ္းတိုဖူးကို ၀ယ္ဖို႔ စီးတီးေဟာလ္ ပင္နီစူလာကို မေရာက္တာလည္း ၾကာၿပီေလ၊
ေမႊးပဲမူန္႔နဲ႔ က်ိဳလို႔ရတယ္လို႔ ဘေလာ့ဂ္ေတြမွာ ဖတ္ဖူးတယ္၊
ကိုယ့္စိတ္ကူးနဲ႔ကိုယ္ပဲ၊ ကုလားပဲေတာင္ ရတဲ့ အနီးအနား အိႏၵိယဆိုင္မွာ ကုလားပဲအမူန္႔ရွိလားလို႔ေမးေတာ့ 'လိုခ်င္တာလား၊ ရွိတယ္" ဆိုၿပီး သူ႔မ်က္မွန္အေပၚကေန ကိုယ့္ကို ေက်ာ္ၾကည့္ၿပီးေမးတယ္၊
သူယူလာေပးတဲ့ အထုပ္က besan flour တဲ့၊
၀မ္းသာအားရပဲ၊ အိမ္ျပန္ေရာက္ေတာ့ က်ိဳပါတယ္၊ ပဲမူန္႔တစ္ဆ၊ ေရသုံးဆ လို႔ မွတ္ထားဖူးတယ္၊
ညက တေခါက္က်ိဳတယ္၊ ပဲမူန္႔တစ္ဆ ေရသုံးဆထည့္ၿပီး မီးေပၚတင္တယ္၊ က်ိဳပါတယ္၊ ဆားထည့္တယ္၊ အေတာ္ေမႊရပါတယ္၊ လက္ပန္းက်လာတာနဲ႔ စစ္ကူေတာင္းရတယ္၊ ပထမဉီးဆုံးက်ိဳတာဆိုေတာ့ ဘယ္အေနမွာ ရမွန္းမသိပဲ က်က္ေလာက္ၿပီ ထင္ၿပီး ပန္းကန္တခုတည္း ေလာင္းထည့္ အေအးခံလိုက္ပါတယ္၊ နည္းနည္း ဖြယ္ေနပါတယ္၊ ေစးကပ္ေနတဲ့ အသြင္မရွိပဲ ျဖစ္ေနတာေပါ့၊
မနက္မွာ တိုဖူးေၾကာ္ အျဖစ္ ေၾကာ္လိုက္ၿပီး ထမင္းဆီဆမ္းနဲ႔ စားလိုက္ေတာ့လည္း ေကာင္းေတာ့ ေကာင္းေနသားပဲ၊
ေက်ေတာ့ မေက်နပ္ေသးဘူးေပါ့၊
ဒီေန႔တေန႔လုံး တိုဖူးကို ေကာင္းေအာင္ က်ိဳရမယ္ ဆိုတဲ့ စိတ္ပဲ ထားတယ္၊
အဲဒါနဲ႔ ဒီေန႔ ေသာၾကာေန႔ဆိုေပမယ့္ အလုပ္ဆင္းၿပီးရင္ ေလၽွာက္လည္ဖို႔ အစီအစဥ္လည္း မထားတာနဲ႔ အိမ္ကိုပဲ အေစာႀကီးျပန္ခဲ့တယ္၊
သူက ေနာက္က်မယ္တဲ့၊
အႀကိဳက္ေပါ့၊ လုပ္ခ်င္တာကို စိတ္ေအးလက္ေအး လုပ္မလို႔ေလ၊
အိမ္ျပန္လာတဲ့ လမ္းတေလၽွာက္လုံးလည္း တိုဖူးအေၾကာင္းေတြပဲ ဖတ္ေနတယ္၊ အ၀ါေရာင္တိုဖူးလို႔ ရိုက္ထည့္ေတာ့မွ လိုခ်င္တာရတယ္၊ Burmese tofu ဆိုၿပီး ၀ီကီမွာ ေတြ႕တယ္၊ အင္းေလးက တိုဖူးလုပ္ပုံအဆင့္ဆင့္ဆိုၿပီး ယူက်ဳမွာေတာင္ ရွိပါတယ္၊

အိမ္ေရာက္တာနဲ႔ ပဲမူန္႔ကို ေရသုံးဆထည့္ၿပီး ေမြေနရင္း တိုဖူးလုပ္နည္း ဘေလာ့ဂ္ေတြ ရွာဖတ္လိုက္ေသးတယ္၊
လုပ္ခ်င္တာ ေစးၿပီး အေရာင္တလက္လက္ထေနတဲ့ တိုဖူးမ်ိဳးေလ၊
ဆႏြင္းနဲ႔ ဆားပါထည့္ၿပီး ေမြထားတဲ့ ပဲရည္ကို မီးဖိုေပၚတင္ၿပီး စိတ္ေအးလက္ေအး က်ိဳေနလိုက္တယ္၊ မီးဖိုနံေဘးမွာ ဖုန္းက ခ်ထားရပါတယ္၊ တိုဖူးက်ိဳေနတုန္း သတင္းစကားမ်ား လာရင္ ေျပးၾကည့္ဖို႔ မလြယ္ဘူးေလ၊
မေန႔က က်ိဳတာထက္ ဒီေန႔ ပိုက်ိဳပါတယ္၊ ညာလက္ကေန ဘယ္လက္ ၿပီးေတာ့ ညာလက္ တျဖည္းျဖည္းေမြတယ္၊
တျဖည္းျဖည္းနဲ႔ ပ်စ္လာတဲ့ တိုဖူးကို ၾကည့္ၿပီး ေပ်ာ္သလိုလို ရွိလာတယ္၊ အရသာလည္း ပိုေကာင္းသလိုပဲ၊
ေမြရင္းေမြရင္းနဲ႔ အလြန္ပ်စ္သြားၿပီး အိုးကပ္ေတာ့မယ့္အခ်ိန္ေရာက္ေတာ့ ပန္းကန္ထဲ ေလာင္းထည့္ အေအးခံလိုက္ပါတယ္၊
တိုဖူးျဖစ္ေအာင္လုပ္တာ ေအာင္ျမင္သြားပါၿပီ၊

ညစာအျဖစ္ ေကာက္ညႇင္းေပါင္းနဲ႔ တိုဖူးေၾကာ္ပါ၊
ညေနခင္းရိုက္ထားတာမို႔ ဓါတ္ပုံ သိပ္မေကာင္းဘူး

3 comments:

Anonymous said...

congratulations!!
I also had full victory at the second attempt.
Iora

Anonymous said...

I love tofu, especially the fried ones. Thought about doing it at home like you but still lazy and now have to force myself to think of making it at home.
Mon Petit Avatar

phomu said...

တိုဖူးအခဲ လုပ္တာ အခုထိ မေအာင္ျမင္ေသးဘူး အမေရ