(က)
အဲဒီပန်းခြံကို ရောက်တာ ဒီနေ့နဲ့အပါအ၀င်ဆို လေးခေါက်ရှိသွားပြီ၊ ဒီနေ့တော့ အပြေးလေ့ကျင့်ခန်းအတွက် မဟုတ်ပဲ လမ်းလျှောက်ထွက်ရုံသက်သက်ပါ၊ မနက်ခင်း ခွန်နစ်နာရီလောက်ပေါ့၊ လင်းအားကြီးပြီဆိုပေမယ့် နေရောင်ကတော့ ရောက်မလာသေးပါဘူး၊ သူက ကင်မရာကို ယူခဲ့ပါတယ်၊ အပြေးသွားစဉ်က ကင်မရာ မယူနိုင်ခဲ့ဘူးလေ၊ တမနက်ခင်းလေးမှာ အိမ်ခန်းသော့ကလွဲလို့ ဘာမှ မယူပဲ စိတ်လွတ်ကိုယ်လွတ် လေ့ကျင့်ခန်းယူတာပေါ့၊ မနက်ခင်းစောစော လတ်ဆတ်တဲ့ လေကို ရူရိူက်မယ်၊ သင်းပျံ့တဲ့ အပင်ရနံ့ ပန်းရနံ့တွေကို ကြူမွှေးမယ်ပေါ့၊
စကား၀ါပင်တွေကို အနီးကပ် မြင်ရပြီး အပင်ဆီက လာတဲ့ ရနံ့ရလို့ စိတ်တွေ ကြည်လင်စေခဲ့တာတွေကို ဒီစာမျက်နှာပေါ်ကနေ ပေးလို့ရရင် ထည့်ပေးချင်မိပါတယ်၊
ပထမ အခေါက်နဲ့ ဒုတိယအခေါက် သွားတုန်းက စကား၀ါ ပန်းနှစ်ပွင့်ကို ခူးယူခွင့်ရခဲ့တယ်လေ၊ တတိယအခေါက်မှာတော့ အပင် ခြေရင်းမှာ ပွင့်နေတာ မရှိလို့ မခူးရပဲ ပြန်လာရတာကိုက တမျိုးကြီး ဖြစ်နေစေခဲ့တာ၊ ရတုန်းက ရခဲ့တာတွေ ဆက်ပြီးမရတော့ စိတ်က မကျေနပ်ဘူးလေ၊ ဒီနေ့ လမ်းလျှောက်ထွက်သွားတော့မှ အပင် ခြေရင်းကပ်မှာ ပန်းပွင့်တွေ ရှိမနေခဲ့ရတဲ့ အကြောင်းရင်းကို သိရတယ်၊ လူတစ်ယောက်၊ ယောကျ်ားကြီးတယောက်က အိန္ဒိယလူမျိုး ထင်ပါရဲ့၊ ပန်းပွင့်တွေ အားလုံးကို လိုက်ပြီး ခူးဆွတ်နေတာကိုး၊ သူက အစောကြီး ဉီးယူထားတာ သိလိုက်ရတယ်၊
ဒီနေ့တော့ မခူးနိုင်ပေမယ့် ကင်မရာနဲ့ လှမ်းဆွဲယူ မှတ်တမ်းတင်လိုက်ပါတယ်၊ ပန်းအပွင့်ရဲ့ လတ်ဆတ်မူကို တွေ့မြင်ရမှာပေါ့၊
(ခ)
(ခ)
တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ရဲ့ နောက်ဆုံးနေ့ပေါ့၊ ကျွန်မနဲ့သူ အပြေးလေ့ကျင့်ခန်း လုပ်ဖြစ်တယ်၊ မနက် ခွန်နစ်နာရီလောက် အချိန်ပေါ့၊ ပန်းခြံအနားကို မရောက်ခင်မှာပဲ စကား၀ါပန်းတွေက လာရောက်ဆီးကြိုနေသလိုပါပဲ၊ ‘စကား၀ါပန်းရနံ့တွေ ဒီနားကိုတောင် ရောက်နေပါလား’ တဲ့၊ သူက ပြောတယ်၊ ဟုတ်တယ်၊ မွှေးပျံ့နေတာပါပဲ၊ ပန်းရနံ့ကို ရလိုက်မှ ကျွန်မတို့ ပြေးရတာ ပိုအားအင်တိုးသလိုပါပဲ၊ အပင်နားဆီကို ရောက်အောင် ပြေးရမယ်လေ၊ ဟိုး အရှေ့မျာ အစီအရီရှိတယ်၊
ပြေးနေတုန်း အပင်ခပ်နိမ့်နိမ့်မှာ အပွင့်တွေ့တာနဲ့ ကျွန်မ မနေနိုင်တော့ဘူး၊ ဟို အိန္ဒိယလူမျိုးအရင် လက်ဦးမူ ရယူမှ ဖြစ်မယ်လေ၊ ကျွန်မ ဆွတ်ခူးလိုက်တယ်၊ ပြေးဖို့ကလည်း နောက်တစ်ပတ်ကျန်သေးတယ်၊ ပန်းကို ကိုင်လျှက်သား ကျွန်မ ဆက်ပြီးပြေးပါတယ်၊ ပန်းရနံ့လေးနဲ့အတူပေါ့၊ ကျွန်မ သိပ်ပျော်မိတယ်၊ ပန်းလေးကို အမြန်ခူးယူလိုက်ရလို့ ဖြစ်မယ်၊ ပြေးနေတုန်းမှာပဲ ပန်းခြံကို ပတ်နေတဲ့ အိန္ဒိယ လူမျိုးတယောက်ကို တွေ့ပါတယ်၊ ကျွန်မ ချက်ချင်းမှတ်မိလိုက်တယ်၊ ပန်းလိုက်ခူးနေတဲ့ သူပဲ၊ သူနဲ့ ကျွန်မတို့က ဆန့်ကျင်ဖက်လားရာ ဦးတည်နေကြတာလေ၊
ကျွန်မတို့ ပန်းခြံအတွင်းကို ပြန်ရောက်ပြီး အရိူန်တွေ နှေးပြီး လမ်းလျှောက်နေတုန်း အဲဒီလူကြီး အပင် ခပ်နိမ့်နိမ့်မှာပွင့်တဲ့ ပန်းတွေကို လိုက်ပြီးခူးနေတာ တွေ့ရတယ်၊
‘တစ်ပွင့်ဆိုတော်ပါပြီ၊ လိုချင်နေတဲ့ စိတ်ကလေးကို ငြိမ်းသပ်ရု့လေးပါလို့’ ကိုယ့်ကိုယ်ကို ဖြေသိမ့်ရင်း အပင်ပေါ်က ပန်းတွေကို ကျွန်မကြည့်လို့ မ၀ခဲ့ဘူး၊ ပန်းတွေ အများကြီး ပွင့်နေလိုက်ကြတာ၊
ရွှေ၀ါရောင်စကားပန်းနဲ့အတူ တခြား တရုတ်စကား အ၀ါနဲ့ ပန်းဆီရောင်ကိုလည်း ကျွန်မ ကောက်ယူခဲ့သေးတယ်၊ အိမ်အပြန်အရောက်မှာ နေက မပွင့်တော့ အလင်းရောင်အားမကောင်းတာနဲ့ ဒီနေ့ ရိုက်တဲ့ ပန်းတွေက ဟိုတနေ့က တရုတ်စကားပန်းတွေလောက် လှမှာတော့ မဟုတ်ဘူး၊

(ဂ)
စကားပန်းတွေရဲ့ မျိုးနွယ်အမည်က michelia champaca တဲ့၊ Magnolia အုပ်စုထဲမှာ ပါ၀င်တယ်၊ နို့နှစ်ရောင်၊ လိမ္မော်ရောင်နဲ့ ရွှေ၀ါရောင်ဆိုပြီး ရှိတယ်၊ ရွှေ၀ါရောင်နဲ့ နို့နှစ်ရောင်တွေရဲ့ သင်းပျံ့လွန်းတဲ့ ရနံ့ကြောင့် ပိုပြီးထင်ပေါ်တယ်၊ အမြဲစိမ်းအပင် ဖြစ်ပြီးတော့ ကြီးမြန်သစ်ပင်လည်း ဖြစ်တာမို့ အစိုက်များတယ်၊ ပူပြင်းတဲ့ ဒေသတွေမှာ ပေါက်ရောက် ရှင်သန်တယ်၊ အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ အထူးသဖြင့် တရုတ်နိုင်ငံမှာ အများအပြားစိုက်ပျိုးကြပါတယ်၊
ဒီစာကို ရေးပြီးတဲ့အချိန်မှာ အခန်းထဲမှာ ကျွန်မခူးယူခဲ့တဲ့ ပန်းရနံ့ သင်းပျံ့နေဆဲပဲ။
*************************************************************
ပန္းစကား၀ါ
(က)
အဲဒီပန္းၿခံကို ေရာက္တာ ဒီေန႔နဲ႔အပါအ၀င္ဆို ေလးေခါက္ရွိသြားၿပီ၊ ဒီေန႔ေတာ့ အေျပးေလ့က်င့္ခန္းအတြက္ မဟုတ္ပဲ လမ္းေလၽွာက္ထြက္႐ုံသက္သက္ပါ၊ မနက္ခင္း ခြန္နစ္နာရီေလာက္ေပါ့၊ လင္းအားႀကီးၿပီဆိုေပမယ့္ ေနေရာင္ကေတာ့ ေရာက္မလာေသးပါဘူး၊ သူက ကင္မရာကို ယူခဲ့ပါတယ္၊ အေျပးသြားစဥ္က ကင္မရာ မယူနိုင္ခဲ့ဘူးေလ၊ တမနက္ခင္းေလးမွာ အိမ္ခန္းေသာ့ကလြဲလို႔ ဘာမွ မယူပဲ စိတ္လြတ္ကိုယ္လြတ္ ေလ့က်င့္ခန္းယူတာေပါ့၊ မနက္ခင္းေစာေစာ လတ္ဆတ္တဲ့ ေလကို ႐ူရိူက္မယ္၊ သင္းပ်ံ႕တဲ့ အပင္ရနံ့ ပန္းရနံ့ေတြကို ၾကဴေမႊးမယ္ေပါ့၊
စကား၀ါပင္ေတြကို အနီးကပ္ ျမင္ရၿပီး အပင္ဆီက လာတဲ့ ရနံ့ရလို႔ စိတ္ေတြ ၾကည္လင္ေစခဲ့တာေတြကို ဒီစာမ်က္ႏွာေပၚကေန ေပးလို႔ရရင္ ထည့္ေပးခ်င္မိပါတယ္၊
ပထမ အေခါက္နဲ႔ ဒုတိယအေခါက္ သြားတုန္းက စကား၀ါ ပန္းႏွစ္ပြင့္ကို ခူးယူခြင့္ရခဲ့တယ္ေလ၊ တတိယအေခါက္မွာေတာ့ အပင္ ေျခရင္းမွာ ပြင့္ေနတာ မရွိလို႔ မခူးရပဲ ျပန္လာရတာကိုက တမ်ိဳးႀကီး ျဖစ္ေနေစခဲ့တာ၊ ရတုန္းက ရခဲ့တာေတြ ဆက္ၿပီးမရေတာ့ စိတ္က မေက်နပ္ဘူးေလ၊ ဒီေန႔ လမ္းေလၽွာက္ထြက္သြားေတာ့မွ အပင္ ေျခရင္းကပ္မွာ ပန္းပြင့္ေတြ ရွိမေနခဲ့ရတဲ့ အေၾကာင္းရင္းကို သိရတယ္၊ လူတစ္ေယာက္၊ ေယာက်္ားႀကီးတေယာက္က အိႏၵိယလူမ်ိဳး ထင္ပါရဲ့၊ ပန္းပြင့္ေတြ အားလုံးကို လိုက္ၿပီး ခူးဆြတ္ေနတာကိုး၊ သူက အေစာႀကီး ဉီးယူထားတာ သိလိုက္ရတယ္၊

ဒီေန႔ေတာ့ မခူးနိုင္ေပမယ့္ ကင္မရာနဲ႔ လွမ္းဆြဲယူ မွတ္တမ္းတင္လိုက္ပါတယ္၊ ပန္းအပြင့္ရဲ့ လတ္ဆတ္မူကို ေတြ႕ျမင္ရမွာေပါ့၊
(ခ)
တ႐ုတ္ႏွစ္သစ္ကူး ႐ုံးပိတ္ရက္ရဲ့ ေနာက္ဆုံးေန႔ေပါ့၊ ကၽြန္မနဲ႔သူ အေျပးေလ့က်င့္ခန္း လုပ္ျဖစ္တယ္၊ မနက္ ခြန္နစ္နာရီေလာက္ အခ်ိန္ေပါ့၊ ပန္းၿခံအနားကို မေရာက္ခင္မွာပဲ စကား၀ါပန္းေတြက လာေရာက္ဆီးႀကိဳေနသလိုပါပဲ၊ ‘စကား၀ါပန္းရနံ့ေတြ ဒီနားကိုေတာင္ ေရာက္ေနပါလား’ တဲ့၊ သူက ေျပာတယ္၊ ဟုတ္တယ္၊ ေမႊးပ်ံ႕ေနတာပါပဲ၊ ပန္းရနံ့ကို ရလိုက္မွ ကၽြန္မတို႔ ေျပးရတာ ပိုအားအင္တိုးသလိုပါပဲ၊ အပင္နားဆီကို ေရာက္ေအာင္ ေျပးရမယ္ေလ၊ ဟိုး အေရွ႕မ်ာ အစီအရီရွိတယ္၊
ေျပးေနတုန္း အပင္ခပ္နိမ့္နိမ့္မွာ အပြင့္ေတြ႕တာနဲ႔ ကၽြန္မ မေနနိုင္ေတာ့ဘူး၊ ဟို အိႏၵိယလူမ်ိဳးအရင္ လက္ဦးမူ ရယူမွ ျဖစ္မယ္ေလ၊ ကၽြန္မ ဆြတ္ခူးလိုက္တယ္၊ ေျပးဖို႔ကလည္း ေနာက္တစ္ပတ္က်န္ေသးတယ္၊ ပန္းကို ကိုင္လၽွက္သား ကၽြန္မ ဆက္ၿပီးေျပးပါတယ္၊ ပန္းရနံ့ေလးနဲ႔အတူေပါ့၊ ကၽြန္မ သိပ္ေပ်ာ္မိတယ္၊ ပန္းေလးကို အျမန္ခူးယူလိုက္ရလို႔ ျဖစ္မယ္၊ ေျပးေနတုန္းမွာပဲ ပန္းၿခံကို ပတ္ေနတဲ့ အိႏၵိယ လူမ်ိဳးတေယာက္ကို ေတြ႕ပါတယ္၊ ကၽြန္မ ခ်က္ခ်င္းမွတ္မိလိုက္တယ္၊ ပန္းလိုက္ခူးေနတဲ့ သူပဲ၊ သူနဲ႔ ကၽြန္မတို႔က ဆန္႔က်င္ဖက္လားရာ ဦးတည္ေနၾကတာေလ၊

ကၽြန္မတို႔ ပန္းၿခံအတြင္းကို ျပန္ေရာက္ၿပီး အရိူန္ေတြ ေႏွးၿပီး လမ္းေလၽွာက္ေနတုန္း အဲဒီလူႀကီး အပင္ ခပ္နိမ့္နိမ့္မွာပြင့္တဲ့ ပန္းေတြကို လိုက္ၿပီးခူးေနတာ ေတြ႕ရတယ္၊
‘တစ္ပြင့္ဆိုေတာ္ပါၿပီ၊ လိုခ်င္ေနတဲ့ စိတ္ကေလးကို ၿငိမ္းသပ္႐ု႔ေလးပါလို႔’ ကိုယ့္ကိုယ္ကို ေျဖသိမ့္ရင္း အပင္ေပၚက ပန္းေတြကို ကၽြန္မၾကည့္လို႔ မ၀ခဲ့ဘူး၊ ပန္းေတြ အမ်ားႀကီး ပြင့္ေနလိုက္ၾကတာ၊
ေရႊ၀ါေရာင္စကားပန္းနဲ႔အတူ တျခား တ႐ုတ္စကား အ၀ါနဲ႔ ပန္းဆီေရာင္ကိုလည္း ကၽြန္မ ေကာက္ယူခဲ့ေသးတယ္၊ အိမ္အျပန္အေရာက္မွာ ေနက မပြင့္ေတာ့ အလင္းေရာင္အားမေကာင္းတာနဲ႔ ဒီေန႔ ရိုက္တဲ့ ပန္းေတြက ဟိုတေန႔က တ႐ုတ္စကားပန္းေတြေလာက္ လွမွာေတာ့ မဟုတ္ဘူး၊
(ဂ)
စကားပန္းေတြရဲ့ မ်ိဳးႏြယ္အမည္က michelia champaca တဲ့၊ Magnolia အုပ္စုထဲမွာ ပါ၀င္တယ္၊ နို႔ႏွစ္ေရာင္၊ လိေမၼာ္ေရာင္နဲ႔ ေရႊ၀ါေရာင္ဆိုၿပီး ရွိတယ္၊ ေရႊ၀ါေရာင္နဲ႔ နို႔ႏွစ္ေရာင္ေတြရဲ့ သင္းပ်ံ႕လြန္းတဲ့ ရနံ့ေၾကာင့္ ပိုၿပီးထင္ေပၚတယ္၊ အျမဲစိမ္းအပင္ ျဖစ္ၿပီးေတာ့ ႀကီးျမန္သစ္ပင္လည္း ျဖစ္တာမို႔ အစိုက္မ်ားတယ္၊ ပူျပင္းတဲ့ ေဒသေတြမွာ ေပါက္ေရာက္ ရွင္သန္တယ္၊ အေရွ႕အာရွ၊ အေရွ႕ေတာင္အာရွ၊ အထူးသျဖင့္ တ႐ုတ္နိုင္ငံမွာ အမ်ားအျပားစိုက္ပ်ိဳးၾကပါတယ္၊
ဒီစာကို ေရးၿပီးတဲ့အခ်ိန္မွာ အခန္းထဲမွာ ကၽြန္မခူးယူခဲ့တဲ့ ပန္းရနံ့ သင္းပ်ံ႕ေနဆဲပဲ။

1 comments:
နံနက္ခင္းေစာေစာမွာ ပန္းအေၾကာင္းေလးဖတ္လိုက္ရလို႔ စိတ္ေအးခ်မ္းသြားတယ္။
Post a Comment