ဒီစာကို ရေးတဲ့အချိန်က မနက်ခင်း ေ၀လီေ၀လင်းအချိန်တောင် မကတော့ပါဘူး၊ ဟိုးအေ၀းဆီက ငှက်ကလေးတွေ အော်မြည်ဆူညံသံတွေကို ကျွန်မ ကြားနေရတယ်၊ အိမ်ရှေ့ခန်းမှာ သူက တီဗွီအစီအစဉ်တခုကို ကြည့်နေပါတယ်၊ အိပ်ရာနိုးထပြီး ရေနှစ်ဖန်ခွက်သောက်၊ ကွေကာအုတ်၊ ဒါမှမဟုတ် ငှက်ပျောသီးလေးစားပြီးတာနဲ့ မျက်နှာမသစ်သေးပဲ တီဗွီရှေ့မှာ ထိုင်တတ်တာ သူ့အကျင့်ပဲ၊ ကျွန်မကတော့ ကွန်ပျူတာရှေ့မှာ၊ ဘလော့ဂ်စာမျက်နှာရှေ့မှာပေါ့၊
ကျွန်မ စာရိုက်နေတဲ့ ကွန်ပျူတာအနီးအနားမှာ ချထားတဲ့ တရုတ်စကားပန်း အနွမ်းလေးတွေရဲ့ ရနံ့က တချက်တချက်သင်းပျံ့လာတယ်၊ တရုတ်စကားပန်းရနံ့တွေကို လူအတော်များများ ကျက်မိကြမှာပါ၊ သင်းသင်းမွှေးတယ်၊ ရုတ်တရက် ကျွန်မအတွေးတခုရသွားတယ်၊ ပန်းတွေနဲ့ ကျွန်မအကြောင်းကို စာရေးပြီး မှတ်တမ်းတင်ရမယ်လို့ပေါ့၊ ပန်းတွေနဲ့ ပိုနီးစပ်ဖို့ အခွင့်အရေးပေးတဲ့ ဒီနိုင်ငံမှာ ကျွန်မတို့ ဘယ်လောက် အချိန်အတော်ကြာ နေဖြစ်တော့မှာပါလဲဆိုတဲ့ ချဲလင့်တခုနဲ့၊ ဟုတ်တယ် ကျွန်မ ရေးရပါအုံးမယ်၊ တရုတ်စကားပန်းတွေကို ရင်းနှီးလာခဲ့တာ အချိန်အတော်ကြာပါပြီ၊ သို့ပေမယ့် ဒီနိုင်ငံမှာ သူရောပါ၀င်တဲ့ ပန်းနှင့် ကျွန်မအကြောင်းတွေကိုမှ ကျွန်မရေးချင်တယ်လေ၊
**************************
အဲဒီ တရုတ်စကားပန်းလေးတွေကို ကျွန်မတို့ မနေ့က ကောက်ခဲ့တာပေါ့၊ မနေ့က ပန်းခြံတခုကို ပတ်ရင်း ကျွန်မတို့ အပြေးလေ့ကျင့်ခန်းလုပ်ခဲ့ကြတာလေ၊ ပန်းခြံလေးက သိပ်မကျယ်ပါဘူး၊ ကျွန်မက တစ်ပတ်ခွဲလောက်ပဲ ပြေးနိုင်ခဲ့တယ်၊ တစ်ပတ်ကို တစ်ကီလိုမီတာလောက် ရှိပါတယ်၊ သူက နှစ်ပတ်ခွဲလောက်ပတ်တာပေါ့၊ စကားပန်းနဲ့ တရုတ်စကားပါးအပင်တွေ အလွန်ပေါတဲ့ အီဒီပန်းခြံလေးကို ကျွန်မ သိပ်နှစ်သက်တာပဲ၊ ပန်းခြံကို ပတ်ပြေးနေတုန်းမှာ ပန်းရနံ့တွေ သင်းပျံ့မွှေးကြိုင်နေတာကို ရူရိူက်မိတဲ့ အရသာမျိုး ကျွန်မ အလွန်နှစ်သက်နေမိတော့တာပါပဲ၊
ပန်းခြံ အပြင်ဖက်မှာ စကားပန်းပင်တွေက အစီအရီ ရှိသလို ပန်းခြံအတွင်းဖက်မှာလည်း တရုတ်စကားပန်းပင်တွေအများအပြားရှိတယ်၊ ဒီပန်းခြံထဲမှာ အပန်းရောင်၊ ပန်းနီရောင်နဲ့ အ၀ါရောင် တရုတ်စကားပန်းပင်တွေ ရှိတယ်၊ အဲဒီ သုံးရောင်ကို အရောင်လိုက် စီတန်းစိုက်ထားတယ်၊ အ၀ါရောင်အပင်တွေက ပိုများတယ်၊ ပန်းပွင့်တွေ မြေမှာ ကြွေကျနေတာ သိပ်ကဗျာဆန်တာပါပဲ၊ ကြွေကျနေတဲ့ ပန်းတွေအကြားမှာ ထိုင်နေတဲ့ ပိုစ့်မျိုးနဲ့ ဓါတ်ပုံ ရိုက်ချင်တဲ့ စိတ်မျိုးပေါ်လာခဲ့တယ်၊
စကားပန်းလတ်လတ်ဆတ်ဆတ်ကို ခူးယူချင်တဲ့ စိတ်ပေါ်ပေမယ့် မနေ့ကတော့ အပင်ပေါ်မှာ လက်လှမ်းမှီတဲ့နေရာမှာ ပွင့်နေတာ မရှိတော့ ခူးယူခွင့် မသာခဲ့ဘူး၊
ဒါကြောင့် တရုတ်စကားပန်း အရောင်သုံးမျိုးကိုပဲ တယုတယ ကျွန်မ ကောက်ယူခဲ့တယ်၊
*******************
*****************************************
တရုတ်စကားပန်း
ဒီစာကို ရေးတဲ့အချိန်က မနက်ခင်း ဝေလီဝေလင်းအချိန်တောင် မကတော့ပါဘူး၊ ဟိုးအဝေးဆီက ငှက်ကလေးတွေ အော်မြည်ဆူညံသံတွေကို ကျွန်မ ကြားနေရတယ်၊ အိမ်ရှေ့ခန်းမှာ သူက တီဗွီအစီအစဉ်တခုကို ကြည့်နေပါတယ်၊ အိပ်ရာနိုးထပြီး ရေနှစ်ဖန်ခွက်သောက်၊ ကွေကာအုတ်၊ ဒါမှမဟုတ် ငှက်ပျောသီးလေးစားပြီးတာနဲ့ မျက်နှာမသစ်သေးပဲ တီဗွီရှေ့မှာ ထိုင်တတ်တာ သူ့အကျင့်ပဲ၊ ကျွန်မကတော့ ကွန်ပျူတာရှေ့မှာ၊ ဘလော့ဂ်စာမျက်နှာရှေ့မှာပေါ့၊
**************************
အဲဒီ တရုတ်စကားပန်းလေးတွေကို ကျွန်မတို့ မနေ့က ကောက်ခဲ့တာပေါ့၊ မနေ့က ပန်းခြံတခုကို ပတ်ရင်း ကျွန်မတို့ အပြေးလေ့ကျင့်ခန်းလုပ်ခဲ့ကြတာလေ၊ ပန်းခြံလေးက သိပ်မကျယ်ပါဘူး၊ ကျွန်မက တစ်ပတ်ခွဲလောက်ပဲ ပြေးနိုင်ခဲ့တယ်၊ တစ်ပတ်ကို တစ်ကီလိုမီတာလောက် ရှိပါတယ်၊ သူက နှစ်ပတ်ခွဲလောက်ပတ်တာပေါ့၊ စကားပန်းနဲ့ တရုတ်စကားပါးအပင်တွေ အလွန်ပေါတဲ့ အီဒီပန်းခြံလေးကို ကျွန်မ သိပ်နှစ်သက်တာပဲ၊ ပန်းခြံကို ပတ်ပြေးနေတုန်းမှာ ပန်းရနံ့တွေ သင်းပျံ့မွှေးကြိုင်နေတာကို ရူရိုက်မိတဲ့ အရသာမျိုး ကျွန်မ အလွန်နှစ်သက်နေမိတော့တာပါပဲ၊
**************************
အဲဒီ တရုတ်စကားပန်းလေးတွေကို ကျွန်မတို့ မနေ့က ကောက်ခဲ့တာပေါ့၊ မနေ့က ပန်းခြံတခုကို ပတ်ရင်း ကျွန်မတို့ အပြေးလေ့ကျင့်ခန်းလုပ်ခဲ့ကြတာလေ၊ ပန်းခြံလေးက သိပ်မကျယ်ပါဘူး၊ ကျွန်မက တစ်ပတ်ခွဲလောက်ပဲ ပြေးနိုင်ခဲ့တယ်၊ တစ်ပတ်ကို တစ်ကီလိုမီတာလောက် ရှိပါတယ်၊ သူက နှစ်ပတ်ခွဲလောက်ပတ်တာပေါ့၊ စကားပန်းနဲ့ တရုတ်စကားပါးအပင်တွေ အလွန်ပေါတဲ့ အီဒီပန်းခြံလေးကို ကျွန်မ သိပ်နှစ်သက်တာပဲ၊ ပန်းခြံကို ပတ်ပြေးနေတုန်းမှာ ပန်းရနံ့တွေ သင်းပျံ့မွှေးကြိုင်နေတာကို ရူရိုက်မိတဲ့ အရသာမျိုး ကျွန်မ အလွန်နှစ်သက်နေမိတော့တာပါပဲ၊
*******************
*******************
တရုတ်စကားပန်းရဲ့ မျိုးနွယ်အမည်က Plumeria Obtusa တဲ့၊ အများသိအမည်အနေနဲ့က Frangipani
ပန်းတွေက ရနံ့သင်းပျံ့လို့ ဆံကေသာမှာ ပန်ဆင်ကြတယ်၊ ရေမွှေးနဲ့ အလှဆင်ပစ္စည်းများလည်း ပြုလုပ်တတ်ကြပါတယ်။
ကျွန်မကတော့ ကောက်လာခဲ့တဲ့ ပန်းကြွေလေးကို ဓါတ်ပုံမှတ်တမ်းတင်ပါတယ်။
2 comments:
လှလိုက်တာ အပြုံးပန်းရယ်... ပို့စကတ်လုပ်ဖို့ ကောင်းတယ်.. ပန်းလေးတွေကလည်းလှ ရိုက်သူကလည်း စိတ်ကူးကောင်း ...
(ဒါနဲ့ စကားမစပ် ဒီမှာ အဲဒီတရုပ်စကားနဲ့ တော်တော်ဆင်ဆင်တူတဲ့ ပန်းကလေး တမျိုးရှိတယ် ” အကျော်” တဲ့။ အဖြူရောင် တမျိုးတည်း ပွင့်တာ)
ပန်းလေးတွေအရောင်အသွေးလှလိုက်တာဟယ်...
နောက်တခါဆို သူ့နောက်အမီလိုက်နော်..
မတွေ့ဖြစ်တာကြာလို့လာနှုတ်ဆက်တာ
စူးနွယ်လေး
Post a Comment