Saturday, January 14, 2012

ချယ်ရီပွင့်ချိန် ဆက်ဆက်လှမ်းလာပါ


ချယ်ရီပွင့်ချိန်နဲ့ တောင်ကြီးမြို့လေးကို ရေးဖွဲ့ထားတဲ့ ပအိုဝ်းသီချင်းလေးတစ်ပုဒ်လောက် နားထောင်ကြည့်ပါလား၊


ချယ်ရီဖွင့်ချိန် ဆက်ဆက်ပြန်ခဲ့ပါ၊

လှမ်းလာခဲ့ပါ အကိုမောင်ကြီးရေ
ဖိတ်ခေါ်လိုက်ပါတယ်
မြို့တောင်ကြီးကို ဆက်ဆက် အရောက်ပြန်ခဲ့ပါ၊ ကြိုဆိုနေပါ့မယ်

ချယ်ရီပွင့်တဲ့အချိန်
တောင်ကြီးမြို့က သိပ်သာယာတယ်နော်
အရောက်လည်ဖူးတဲ့
အရင်တစ်နှစ်က
မျက်နှာပြုံးချို စကားလည်းကြွယ်
လှပချစ်စရာ ညီမငယ်နဲ့ ဆုံဖူးတယ်နော်

အိုး စွဲလန်းရပါတဲ့ ညီမငယ်

 မေတ္တာစကား ပြောကြားတဲ့အခါ
ချယ်ရီပွင့်ချိန်မှ အဖြေပြန်ကြားမယ်တဲ့


လှမ်းလာခဲ့ပါ အကိုမောင်ကြီးရေ
ဖိတ်ခေါ်လိုက်ပါတယ်
မြို့တောင်ကြီးကို ဆက်ဆက် အရောက်ပြန်ခဲ့ပါ၊ ကြိုဆိုနေပါ့မယ်

ညီမ ပင့်ဖိတ်ကြားတဲ့စကား ကိုယ်ကြားတဲ့အခါ
ပြန်လာချင်ခဲ့တာ
သာယာလိုက်တဲ့ မြို့တောင်ကြီးကိုပေါ့
အခြေအနေပေးတဲ့တနေ့ ရောက်ရမှာပါ
ညီမငယ် ခေတ္တစောင့်ပေးပါအုံးနော်
တောင်းပန်စကားလေး ပြန်ကြားလိုက်ပါတယ် ချယ်ရီပွင့်တဲ့ အချိန် အကိုမောင် ဆက်ဆက်ပြန်ခဲ့မှာပါ။





*********************************************


ဖိတ်ခေါ်လိုက်ပါတယ်

အရောက်လည်ဖူးတဲ့
အရင်တစ်နှစ်က




ဖိတ်ခေါ်လိုက်ပါတယ်

ပြန်လာချင်ခဲ့တာ




2 comments:

Phyo Evergreen said...

ဒီပအိုဝ်းသီချင်းကို ကြိုက်သွားပြီ..။ အစ်မပြုံးဘာသာပြန်ပေးထားလို့ တော်သေးတယ်ဗျ..။ ချယ်ရီနဲ့ပတ်သတ်တဲ့သီချင်းမှန်သမျှအကုန်ကြိုက်တယ်ဗျ..။

ချယ်ရီပင်အောက်နောက်တစ်ခေါက် ၊ ချယ်ရီကိုသာပန်ပါကွယ် ၊ ချယ်ရီပန်းလေးအသည်းအေးမယ် ၊ ချယ်ရီလက်ဆောင်ပေးသူ ၊ မောင်တို့ချယ်ရီမြေ ၊ ချယ်ရီပန်းမခူးရ (နာမည်မသေချာ ပိုးဒါလီသိန်းတန်ဆိုတာထင်တယ်) ...ပြီး အစ်မသိတာတွေရှိသေးလား..။ အခုတော့ ငွေတောင်တန်းဆီပြန်လာပါ သီချင်းနားထောင်ပြီးအိမ်လွမ်းနေတယ်..။

အပြုံးပန်း said...

တွံတေးသိန်းတန် ဆိုထားတာ ရှိတယ်၊
“ပိတောက်နဲ့ ချယ်ရီပမာ ”ဆိုတာလေ။

ဒီနေ့ ပျင်းပျင်းရှိတာနဲ့ စိုင်းဆိုင်မောဝ်သီချင်းတွေ နားထောင်ဖြစ်တယ်။