အချစ်ဉီးတဲ့
ကဗျာတစ်ပုဒ်ကို နားဆင်ခဲ့ရတယ်၊ ရွတ်ဆိုသူကပဲ ရင်ထဲ အသည်းထဲက ရွတ်ဆိုလေသလား၊ ကဗျာရေးသားသူ ဂျွန်ကလဲ (John Clare) ကပဲ ကိုယ်တိုင်ခံစားခဲ့ရတာကို ရေးခဲ့သလား၊ မြင်လျှင်မြင်ချင်းမှာ အချစ်ဆိုတာကို ဖွဲ့ပြတာမို့ နှစ်သက်မိတယ်၊
ကျွန်တော်ဟာ အဲဒီအရင်က အချိန်တွေမှာ ဒီလို မဖြစ်ခဲ့ဖူးပါဘူး
အချစ်ဟာ ဒီလိုပဲ ရုတ်တရက်... ပြီးတော့ ချိုမြိန်စွာ ရောက်လာတတ်ပါသလား၊
သူမ မျက်နှာက ချိုမွှေးသော ပန်းလေးတပွင့်လို ပွင့်လန်းနေတာပဲ
ကျွန်တော့်နှလုံးသားကို ဆွဲငင်ခေါ်ဆောင်သွားခဲ့ပြီရော၊
ကျွန်တော့်မျက်နှာဟာ သေလုမျောပါးဖျော့တော့သွားလိုက်တာ
ကျွန်တော့် ခြေလှမ်းတွေက ေ၀းေ၀းကို သွားလိုက်ဖို့ ငြင်းဆန်နေတယ်
သူမ အကြည့်တချက်မှာ ကျွန်တော် ဖျားသွားခဲ့ပြီ
ကျွန်တော့်ဘ၀ အို..အားလုံးဟာ မြေမူန်အဖြစ်သို့ ကျဆုံးသွားပြီ
ကျွန်တော့်နှလုံးသွေးတွေက မျက်နှာဆီသို့ တရှိန်တိုး အပြေးလာ
ကျွန်တော့် အမြင်အာရုံကို ေ၀းရာကို ခေါ်ယူသွားပြီ၊
သစ်ပင်တွေ ချုံနွယ်တွေ ၀န်းရံပါလျှက်
မွန်းတည့်ချိန်မှာ ညည့်နက်သန်းကောင်ယံ ဖြစ်သွားသလို
ကျွန်တော် ဘယ်အရာကိုမှ မမြင်နိုင်တော့၊
တူရိယာကြိုးဆီက အသံတွဲတွေ ထွက်လာသလို
ကျွန်တော့်မျက်လုံးတွေက စကားလုံးတွေ အဖြစ်နဲ့
ကျွန်တော့်နှလုံးသွေးတွေ ဆူပွက်လာသလိုပဲ၊
ပန်းတွေဟာ ဆောင်းရဲ့ ရွေးချယ်မူလေလား
အချစ်ရဲ့အနှစ်ဟာ နှင်းတွေလိုပဲလားကွယ်၊
ကျွန်တော့်ရဲ့ တိုးတိတ်စကား သူမ ကြားလိုက်သလိုပဲ
အချစ်ကို သိဖို့ အယူခံဆိုတာ ၀င်စရာမလို
အဲဒီလောက် ချိုမြိန်တဲ့ မျက်နှာမျိုး ဘယ်တုန်းကမှ ကျွန်တော် မတွေ့ဖူး မမြင်ဖူးခဲ့
ကျွန်တော့် နှလုံးသားဟာ သူ့အိမ်နေရာကနေ ထွက်ခွာသွားပြီးတဲ့နောက်
ပြန်ရောက်မလာနိုင်လေတော့။
ကဗျာရွတ်သူဟာ နောက်ဆုံးအပိုဒ်ကို လေးလေးနက်နက် ရွတ်ပြသွားတယ်၊
My heart has left its dwelling-place
And can return no more
*******************************************
အခ်စ္ဉီးတဲ့
ကဗ်ာတစ္ပုဒ္ကို နားဆင္ခဲ့ရတယ္၊ ရြတ္ဆိုသူကပဲ ရင္ထဲ အသည္းထဲက ရြတ္ဆိုေလသလား၊ ကဗ်ာေရးသားသူ ဂၽြန္ကလဲ (John Clare) ကပဲ ကိုယ္တိုင္ခံစားခဲ့ရတာကို ေရးခဲ့သလား၊ ျမင္လၽွင္ျမင္ခ်င္းမွာ အခ်စ္ဆိုတာကို ဖြဲ႕ျပတာမို႔ ႏွစ္သက္မိတယ္၊
ကၽြန္ေတာ္ဟာ အဲဒီအရင္က အခ်ိန္ေတြမွာ ဒီလို မျဖစ္ခဲ့ဖူးပါဘူး
အခ်စ္ဟာ ဒီလိုပဲ ႐ုတ္တရက္... ၿပီးေတာ့ ခ်ိဳၿမိန္စြာ ေရာက္လာတတ္ပါသလား၊
သူမ မ်က္ႏွာက ခ်ိဳေမႊးေသာ ပန္းေလးတပြင့္လို ပြင့္လန္းေနတာပဲ
ကၽြန္ေတာ့္ႏွလုံးသားကို ဆြဲငင္ေခၚေဆာင္သြားခဲ့ၿပီေရာ၊
ကၽြန္ေတာ့္မ်က္ႏွာဟာ ေသလုေမ်ာပါးေဖ်ာ့ေတာ့သြားလိုက္တာ
ကၽြန္ေတာ့္ ေျခလွမ္းေတြက ေ၀းေ၀းကို သြားလိုက္ဖို႔ ျငင္းဆန္ေနတယ္
သူမ အၾကည့္တခ်က္မွာ ကၽြန္ေတာ္ ဖ်ားသြားခဲ့ၿပီ
ကၽြန္ေတာ့္ဘ၀ အို..အားလုံးဟာ ေျမမူန္အျဖစ္သို႔ က်ဆုံးသြားၿပီ
ကၽြန္ေတာ့္ႏွလုံးေသြးေတြက မ်က္ႏွာဆီသို႔ တရွိန္တိုး အေျပးလာ
ကၽြန္ေတာ့္ အျမင္အာ႐ုံကို ေ၀းရာကို ေခၚယူသြားၿပီ၊
သစ္ပင္ေတြ ခ်ဳံႏြယ္ေတြ ၀န္းရံပါလၽွက္
မြန္းတည့္ခ်ိန္မွာ ညည့္နက္သန္းေကာင္ယံ ျဖစ္သြားသလို
ကၽြန္ေတာ္ ဘယ္အရာကိုမွ မျမင္နိုင္ေတာ့၊
တူရိယာႀကိဳးဆီက အသံတြဲေတြ ထြက္လာသလို
ကၽြန္ေတာ့္မ်က္လုံးေတြက စကားလုံးေတြ အျဖစ္နဲ႔
ကၽြန္ေတာ့္ႏွလုံးေသြးေတြ ဆူပြက္လာသလိုပဲ၊
ပန္းေတြဟာ ေဆာင္းရဲ့ ေရြးခ်ယ္မူေလလား
အခ်စ္ရဲ့အႏွစ္ဟာ ႏွင္းေတြလိုပဲလားကြယ္၊
ကၽြန္ေတာ့္ရဲ့ တိုးတိတ္စကား သူမ ၾကားလိုက္သလိုပဲ
အခ်စ္ကို သိဖို႔ အယူခံဆိုတာ ၀င္စရာမလို
အဲဒီေလာက္ ခ်ိဳၿမိန္တဲ့ မ်က္ႏွာမ်ိဳး ဘယ္တုန္းကမွ ကၽြန္ေတာ္ မေတြ႕ဖူး မျမင္ဖူးခဲ့
ကၽြန္ေတာ့္ ႏွလုံးသားဟာ သူ႔အိမ္ေနရာကေန ထြက္ခြာသြားၿပီးတဲ့ေနာက္
ျပန္ေရာက္မလာနိုင္ေလေတာ့။
ကဗ်ာရြတ္သူဟာ ေနာက္ဆုံးအပိုဒ္ကို ေလးေလးနက္နက္ ရြတ္ျပသြားတယ္၊
My heart has left its dwelling-place
And can return no more
1 comments:
happy new year မမ
my heart has left its dwelling place.. တဲ့
i feel like mine has too
:|
Post a Comment